တပ်မတော်(လေ) မှ လေ့ကျင့်ရေးရဟတ် ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းကာ မတော်တဆမှု ဖြစ်။

ဇွန် ၁၅

     တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းလျက်ရှိစဉ် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာ၏ အနောက် တောင်ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ ရုတ်တရတ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

      ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ရဟတ် ယာဉ်ပျက်စီးခဲ့ရပြီး ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်း သားတို့မှာ ကျဆုံးခဲ့ရကြောင်းသိရှိရသည်။ ၎င်းတို့၏ ရုပ်အလောင်း များကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

#PAN