ချမ်းမြသာစည်မြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊အခွန်ရုံးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ  PDF များက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး

ဇွန် ၁၅

     ယနေ့ နံနက် ၁၀ နာရီ ၃၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁)ရပ်ကွက်၊လမ်း ၆၀၊၁၀၁ (အေ)×၁၀၂ လမ်းကြားရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ၊အခွန်ရုံး(၅)အား လမ်း ၆၀အတိုင်း တောင်မှမြောက်သို့ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

      လက်လုပ်မိုင်းမှာ အခွန်ရုံး လုံခြုံရေးဂိတ်တဲဘေး၊ကားပါကင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဝန်ထမ်း အကြီးတန်းစာရေး ဦးမြင့်သန်း၊၅၁ နှစ်၊(ဘ)ဦးမြသန်းတွင် ဝဲ-ခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကားပါကင်အတွင်းရပ်ထားသော ယာဥ်အမှတ် KCN 3D/2897၊G-Touring အဖြူရောင်ယာဥ်နှင့် ယာဥ်အမှတ် SGG 7R/3225၊KIA အဖြူရောင်ယာဥ်တို့တွင် ယာဥ်နောက်ခြမ်း မိုင်းစဖောက်ဝင်၊ပျက်စီးဆုံးရှုံးမှုတန်ဘိုး ၁သိန်းကျပ်ခန့် ပျက်စီးခဲ့ပါသည်။

    ထိခိုက်ဒဏ်ရာရရှိသူအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်းနှင့် ဖြစ်စဥ်ဖြစ်ပွားရာ နေရာအနီးမှ သံဘောစိ ၁၅လုံး၊သံဘူးခွံ အပိုင်းအစများ တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN