သပိတ်ကျင်းမြို့နယ်တွင် ရဟန်းတစ်ပါးကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့်လာရောက်ပစ်ခတ်သတ်ဖြတ်

မေ ၁၄

   ယနေ့ နံနက် ၈ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ကြာညှပ်ကျေးရွာအုပ်စု၊ကိုးပင်ကျေးရွာ၊မန္တလေး-ဗန်းမော်ကားလမ်းအရှေ့ဘက်၊၁ဖာလုံခန့်အကွာ ယာယီတဲကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် အရပ်အခေါ် ဦးဇင်းမြင့်ဦး၊၆၀နှစ်၊၁၀ ဝါ၊(ဘ)ဦးမောက်အား လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့်လာရောက်ပစ်ခတ်သဖြင့် ဦးဇင်းမြင့်ဦးမှာ ယာယီတဲကျောင်းတောင်ဘက်၊ဦးစိန်မောင်၏ ယာခင်းအတွင်း သေနတ်ဒဏ်ရာများဖြင့် ပျံတော်မူသွားခဲ့ကြောင်း သတင်းရရှိပါသည်။

    ၎င်းဦးဇင်းမြင့်ဦးသည် လွန်ခဲ့သော ၁၀နှစ်ခန့်က ကိုးပင်အနောက်ကျောင်းတိုက်၊စိတ္တသုခကျောင်းတွင် ဦးဇင်းဝတ်ခဲ့ပြီး ဝိနည်းနှင့်အညီ နေထိုင်ခြင်းမရှိသဖြင့် ကျောင်းတိုက်မှနှင်ထုတ်ခဲ့ရာ ယခုယာယီတဲကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးနေထိုင်သည်မှာ ၅နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊ ၎င်း၏မူရင်း ဘွဲ့အမည်ကို ဥပဇ္ဇျယ်ဆရာတော်ကပင်မှတ်မိတော့ခြင်းမရှိဘဲ ရပ်ရွာမှလည်း ဦးဇင်းမြင့်ဦးဟုသာ ခေါ်ဝေါ်ကြကြောင်း၊ဦးဇင်းမြင့်ဦးသည် ကိုးပင်ရွာထိပ်တွင် လုံခြုံရေးအခြေပြုထားသော စစ်ကြောင်းသို့ ဝင်ထွက် သွားလာမှုရှိခြင်း၊ ကိုးပင်ရဲကင်းစခန်းဝင်းအတွင်းသို့လည်း ဝင်ထွက်သွားလာမှုရှိခြင်းတို့ကြောင့် အကြမ်းဖက် PDF များက သင်္ကန်းဝတ်ကိုပင် ချမ်းသာမပေးဘဲ သတ်ဖြတ်သွားခြင်း ဖြစ်နိူင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

#PAN