“ရုရှားတွင် St. Petersburg International Economic Forum 2023 ပွဲကြီးကျင်းပ”

ဇွန် ၁၄

ရုရှားနိုင်ငံ၏ မြောက်ပိုင်းရှိ စိန့်ပီတာစဘတ်မြို့တွင်ကျင်းပပြုလုပ်နေသည့် စိန့်ပီတာစဘတ် စီးပွားရေးဆိုင်ရာ ဖိုရမ် ပွဲကြီးတွင် ဒရုန်းနည်းပညာအသစ်များ၊ အခြားသော နည်းပညာများ နှင့် သတင်းအချက်အလက် ဒေသဆိုင်ရာ နည်းပညာ သစ်များပြသသွားမှာဖြစ်ပြီး အဆိုပါ St. Petersburg International Economic Forum (SPIEF 2023) ပွဲကြီးကို ယနေ့ ဇွန်လ ၁၄ရက်နေ့မှ ဇွန်လ ၁၇ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွား ဖြစ်မှာပြီး Forumပွဲကြီးကို နိုင်ငံပေါင်း ၁၃၀ မှ ပါဝင်ပြသသူပေါင်း ၁၇,၀၀၀ ခန့် ပါဝင်ပြ သသွား ကြမှာလည်းဖြစ်ပါတယ်။

SPIEF 2023 Fourm ပွဲကြီးသည် ရုရှားနိုင်ငံ နှင့် ၎င်း၏မိတ်ဖက် နိုင်ငံများက ကမ္ဘာကြီးပေါ်တွင် လာမည့် ဆယ်စုနှစ်များအတွင်း ဖွံ့ဖြိုးတိုး တက်လာမည့် နည်းပညာအသစ်များ နှင့် ခေတ်ရေစီးကြောင်းအရ အရေးပါလာသော နည်းပညာဆိုင်ရာ ကဏ္ဍများကိုလည်း ပြသသွားမည်ဖြစ် ကြောင်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။