ဖာပွန်မြို့နယ်တွင် နယ်မြေအခြေအနေမကောင်းသဖြင့် ကုန်စျေးနှုန်းကြီးမြှင့်နေသဖြင့် အစိုးရ၏ အကူအညီများ ပြည်သူများက မျှော်လင့်နေ

ဇွန် ၁၃

        ကရင်ပြည်နယ်တွင် မြို့နယ် ၇ မြို့နယ်ရှိသည့်အနက် ဖာပွန်မြို့နယ်သည် တပ်မတော်အာဏာထိန်းသည့်အချိန်မှစပြီး ယနေ့အချိန်ထိအခြားမြို့နယ်များနှင့်မတူဘဲ လမ်းပန်းဆက်သွယ်ရေး
ပြတ်တောက်ခြင်း၊ကုန်စျေးနှုန်းကြီးမြှင့်ခြင်း၊တိုက်ပွဲငယ်များမကြာခဏဖြစ်ပွားခြင်းတို့ကြောင့်ဒေသခံပြည်သူများမှာ လူမှူဒုက္ခများ၊ စိတ်သောကများရောရှိနေကြကြောင်း သိရှိရပါသည်။

    ယခု မိုးရာသီအချိန်တွင် ဖာပွန်မြို့သူ၊မြို့သားများ ကုန်စျေးနှုန်းအလွန်ကြီးမြှင့်သည့်ဒဏ်ကိုအလူးအလဲခံစားနေရကြောင်း၊ ယခုကုန်စျေးနှုန်းအခြေအနေမှာဆန်ကြမ်းတစ်အိတ် ၁၁၅,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိသာကို ၆,၈၀၀ကျပ်၊ကြက်ဥ ၅လုံးကို၂,၀၀၀ကျပ်၊ ကြက်သား/ဝက် သားတစ်ပိသာကို ၁၈,၀၀၀ကျပ်(အမြဲမရပါ)၊ စားဆီတစ်လီတာ ၆,၀၀၀ကျပ်၊ ကမမောင်း-ဖာပွန်ဆိုင်ကယ် ကယ်ရီငှားရမ်းခ တစ်ယောက်
အတက် ၁၈၀,၀၀၀ ကျပ်၊အဆင်း ၂၀၀,၀၀၀ကျပ်
(KNUထံမှလက်မှတ်ရထားသူများသာသွားလာခွင့်ရပြီး လူတိုင်းသွားလာမရပါ)၊ဆိုင်ကယ်ကုန်တင်တစ်ပိသာ ၂,၅၀၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။

      ဒေသခံပြည်သူလူထုများက ပညာရေး၊ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို အစိုးရမှကူညီကယ်ဆယ်ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများလိုလားတောင့်တလျက်ရှိကြောင်း ဒေသခံပြည်သူများမှ သတင်းပေးပို့လာပါသည်။

#PAN