ကျိုက်ထိုမြို့တွင် သတင်းအရ အကြမ်းဖက် ထောက်ပို့တစ်ဦး ဖမ်းဆီးရမိ

ဇွန် ၁၃

        ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ ကျောက်ပုံကျေးရွာတွင် ကျော်မိုး(ခ)မောင်ကူး၊ ၄၅နှစ်၊ (ဘ)ဦးစိုးဝင်း၊ ၁၀/ကထန(နိုင်) ၁၁၃၀၁၇၊ ဗမာ/ဗုဒ္ဓ၊ဈေးရောင်း၊ ကျောက်ပုံကျေးရွာ၊ အင်္ဂဘိုကျေးရွာအုပ်စု၊ကျိုက်ထိုမြို့နယ်နေသူကို သတင်းအရဘဖမ်းဆီးစစ်ဆေးရာ အကြမ်းဖက်ထောက်ပို့ တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်,

     ဖမ်းဆီးရမိ အကြမ်းဖက်ထောက်ပို့ဖြစ်သူ ကျော်မိုး(ခ)မောင်ကူး ကို စစ်ဆေးခဲ့ရာ ၎င်းသည် ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ဆန္ဒပြခဲ့ကြောင်း၊  KNU တပ်မဟာ(၁)ထံသို့ ဖက္ကလိပ်ကျေးရွာရှိ ဆန်စက်မှ ဆန် ၁၀ အိတ်ကို ကျောက်ပုံကျေးရွာသို့ ပို့ဆောင်ပေးခဲ့ဖူးကြောင်း၊ အကြမ်း ဖက်သောင်းကျန်းသူ KNU/PDF များထံသို့ ပစ္စတို ၁ လက်၊ M-16  ၅ လက်၊ ၄၀ မမ ဗုံးပစ် လောင်ချာ  ၁ လက်၊ လက်လုပ်သေနတ် ၂ လက်နှင့်အတူ ကား  ၁ စီးတို့ကို KNU အခြေပြုရာစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် CDM မိသား စုဝင်  ၆ ဦးကိုလည်း KNU နယ်မြေအတွင်းသို့ ပို့ ဆောင်ပေးခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အကြမ်းဖက် ဥပဒေပုဒ်မများအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN