ကော့ကရိတ်မြို့နယ်တွင် အပြစ်မဲ့ ပြည်သူတစ်ဦး လူသတ်အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော မိုင်းနင်းမိ

ဇွန် ၁၃

     ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ အချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒေါ်ချမ်းမြအေး (၃၈)နှစ်၊ (ဘ)ဦးသိန်းမြ၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ် ၊ နန်းကော်တိုးကျေးရွာ ၊ ကော့ကရိတ်မြို့နယ်နေသူသည် အကြမ်းဖက်သောင်းကျန်းသူ များထောင်ထားသော မိုင်းကို နင်းမိပြီး ကော့ကရိတ်မြို့၊အမှတ်(၂)ရပ်ကွက်ရှိ၊ခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိကြောင်း သိရှိရပါသည်။

     မိုင်းစထိမှန်သူ ဒေါ်ချမ်းမြအေး သည် နေအိမ်မှ မှိုရှာရန် ထွက်ခွာခဲ့ရာ  ဆင်ကုန်းသင်္ချိုင်းအနီး (ဒေသအခေါ်)သို့ ရောက်ရှိရာ အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်း ၁ လုံး(အမျိုးအစားစိစစ်ဆဲ)အား နင်းမိပေါက်ကွဲမှုကြောင့် ဒေါ်ချမ်းမြအေးထံတွင်ယာခြေသလုံး မိုင်းစမှန်၊ ဘယ်ခြေဖနောင့် ကြေမွဒဏ်ရာ၊ ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN