“ရုရှား သမ္မတ က ယူကရိန်းစစ်တပ်၏ ဆုံးရှုံးနစ်နာမှု အဖြစ်ဆိုးများအတွက် လက်ရှိ ယူကရိန်းအစိုးရတွင် တာဝန်အရှိဆုံးဖြစ်ကြောင်းပြောကြားခဲ့”

ဇွန် ၁၀

ယူကရိန်း၏ တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ သမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် ဇွန်လ ၉ရက် သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကြောညာချက်များ၏ အဓိက ထုတ်ပြန်ချက်များမှာ –

  • ယူကရိန်းတွေရဲ့တန်ပြန်ထိုးစစ်စတင်နေပြီလို့ သေချာပေါက်ပြောလို့ရနေပါပြီ၊ ယူကရိန်းတွေက အနောက်နိုင်ငံတွေရဲ့ ဗျူဟာမြောက်အစီအစဥ်တွေကို အသုံးပြုခြင်းဖြင့် တန်ပြန်ထိုးစစ်စတင်နေပြီဆိုထာ သက်သေပြနေပါတယ်။
  • အထူးသဖြင့် ပြီးခဲ့သည့် နှစ်ရက်လောက်ကပြီး ဆုံးသွားခဲ့တဲ့ ၅ ရက်ကြာ တိုက်ပွဲများတွင် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်ခဲ့ပါတယ်။ ကျနော်တို့နိုင်ငံ ၏ စစ်သည်များရဲ့ ရဲစွမ်း သတ္တိ နှင့် သူရဲကောင်းဆန်မှု၊ ရုရှားနိုင်ငံထုတ် စစ်လက်နက်များ ၏တိကျသေချာစွာ ထိရောက်မှု မြင့်မားမှုများ ကြောင့်ယူကရိန်းတပ်ဖွဲ့တွေဟာ ၎င်းတို့၏ ရည်မှန်း ချက်များမအောင်မြင်ခဲ့ကြပါဘူး။
  • မကြာသေးမီရက်ပိုင်းအတွင်း၊ ယူကရိန်း အစိုးရ၏တပ်ဖွဲ့ဝင်များ သိသိသာသာဆုံးရှုံးမှုများကို ကျနော်တို့ တွေ့မြင်ခဲ့ရမှာပါ အဆိုပါ ယူကရိန်း စစ်တပ်ရဲ့ ဆုံးရှုံးမှုများ၏ ကိန်းဂဏန်းများကို ကျနော်တကယ် အထင်ကြီးအံ့သြမိပါတယ်။ အဲ့ဒီ့လို ဆုံးရှုံးနစ်နာမှု အဖြစ်ဆိုး များအတွက် တာဝန်ရှိ သူကတော့ လက်ရှိ Kiev အစိုးရနဲ့သာ သက်ဆိုင် ပါတယ်လို့ ရုရှားနိုင်ငံ၏ သမ္မတ ဗလာဒီမာပူတင် ကပြောကြားခဲ့တာဖြစ်ပါတယ်။