မြစ်သားမြို့နယ်အတွင်းမှ ရာအိမ်မှူးတစ်ဦးကိုလူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

ဇွန် ၁၀

      ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ကျောက်ဆောက်ကျေးရွာနေ ရာအိမ်မှုး ဦးလှဝင်း၊၅၄နှစ်၊(ဘ)ဦးရာပါး သည် ကျောက်ဆည်မြို့နယ်၊မကျီးတောကျေးရွာနေ ၎င်း၏မိတ်ဆွေ ဦးမိုးဝင်း၏နေအိမ်ခြံဝင်းအတွင်း ရောက်ရှိစကားပြောနေစဥ် အမည်မသိ လူသတ်အကြမ်းဖက် PDF ၄ ဦးက ဆိုင်ကယ် ၂စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ပါသည်။

      သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးလှဝင်းတွင် ယာ-ခါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN