၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိ

ဇွန် ၉

      ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖြေဆိုခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၉ ရက်နံနက် ၄နာရီအချိန်မှစ၍ ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၆၁၈၅၀ ရှိပြီး အောင်မြင်သူ ၁၀၉၈၅၁ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ဒသမ ၈၇ ရာခိုင် နှုန်းရှိကြောင်း သိရှိရသည်။

    အဆိုပါ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မလှိုင်မြို့နယ်ရှိ ခြောက်ဘာသာဂုဏ်ထူးရှင် မောင်ဟိန်းဝေယံထွန်းက အမှတ်ပေါင်း ၅၅၆ မှတ်ဖြင့် တစ်နိုင်ငံလုံးပထမဆု ရရှိခဲ့ကြောင်း သိရှိရသည်။

   မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများ၏ အောင် စာရင်းများကို www.myanmarexam.org တွင် နံနက် (၄)နာရီမှ စတင်ကြည့်ရှုနိုင်ပါမည်။ စာစစ်ဌာနကျောင်းများတွင် နံနက် (၆) နာရီတွင် ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း ယမန်နေ့ ညက သတင်းထုတ်ပြန်ထားပါသည်။

#PAN