“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken သည်တရုတ်နိုင်ငံသို့ လာမည့်သီတင်းပတ်တွင် လာရောက်လည်ပတ်ဖွယ်ရှိနေ”

ဇွန် ၉

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ယခုလာမည့်သီတင်းပတ်တွင် Beijing (တရုတ်)နိုင်ငံ သို့ သွားရောက်နိုင်ရန် စီစဉ်ထားကြောင်း Politico သတင်းဌာန၏ သတင်းစာတွင် ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့က ရေးသားဖော် ပြထားတာလည်းဖြစ်ပါတယ်။

အဆိုပါ သတင်းဌာန၏ ​ဖော်ပြချက်အရ အမေရိကန်နိုင်ငံ၏ သံတမန်ရေးရာ အကြီးအကဲ Anthony Blinken က ၎င်း၏ အရှေ့ အလယ်ပိုင်း ခရီးစဉ် ပြီးဆုံးပြီးနောက် တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းမြို့သို့ လာရောက်လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း ပြောဆိုထားပြီး အဆိုပါ ခရီးစဉ် ၏ အစီအစဥ် အသေး စိတ်ကိုတော့ ဆက်လက် လုပ်ဆောင်နေကြောင်းဖော်ပြထားပါတယ်။