လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်း ၄ ကျောင်းကို ပိတ်ထားရန် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အကြောင်းကြား

ဇွန်  ၉

      ယနေ့ နံနက် ၈ နာရီချိန်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ထံသို့ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ  အီနိုင်းကျေးရွာအုပ်စု အတွင်းရှိ စာသင်ကျောင်း ၄ ကျောင်းကို ယနေ့မှစ၍ ပိတ်ထားရန် အကြောင်း ကြားလာခဲ့ကြောင်း သိရပါသည်။

     ထိုသို့ ပိတ်ထားရန် အကြောင်းကြားလာသော စာသင်ကျောင်းများမှာ အထက(ခွဲ) အီနိုင်းကျောင်း၊ အမက(နားဟ)ကျောင်း၊ အမက(မန်ပြိန်း)ကျောင်း၊ အမက(မန်မိုင်ကိုးကန့်) ကျောင်း
များဖြစ်ကြပြီး ကျောင်းများပိတ်ထားခြင်းမရှိပါက အဆိုပါကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမ များကို ဝင်ရောက်ဖမ်းဆီးပါက ၎င်းတို့ TNLA အဖွဲ့အနေဖြင့် တာဝန်မယူနိုင်ကြောင်း ဆက်သွယ်ပြောကြားခဲ့သည်ဟုသတင်း ရရှိပါသည်။

#PAN