နွားထိုးကြီးမြို့နယ်တွင် သာမန်ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက် PDF စိစစ်ဆဲအဖွဲ့က နေအိမ်ဝန်းအတွင်းဝင်ရောက်၍ အကြောင်းမဲ့ သတ်ဖြတ်

ဇွန် ၈

ယနေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ကျွန်းဒေါင့်ကျေးရွာနေသူ  ဒေါ်မြအေး၊၅၉နှစ်၊(ဘ)ဦးဆယ်သန်း ကို လူသတ်အကြမ်းဖက် PDF စိစစ်ဆဲအဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဥ်မှာ သေဆုံးသူဒေါ်မြအေးသည် နေအိမ်တွင် သမီးဖြစ်သူ မဝင်းယုမော်၊၂၅နှစ်၊(ဘ)ဦးဝင်းဦး၊မအိငယ်၊၂၂နှစ်၊(ဘ)ဦးဝင်းဦးတို့နှင့်အတူရှိနေစဥ် နေအိမ်ရှေ့လမ်းမပေါ်သို့ အကြမ်းဖက် PDF လူသတ်သမား ၂၀ ဦးခန့်၊ဆိုင်ကယ် ၁၀ စီးဖြင့်ရောက်ရှိလာပြီး ၎င်းတို့ထဲမှ ၃ ဦးက နေအိမ်ဝိုင်းအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊ ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ယာဘက်ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာဘက်ခါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင်သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ 9-MM၊THAI ARMS ကျည်ခွံ ၅ခု၊၎င်းကျည် ၁တောင့်တို့အား တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

    သေဆုံးသူ ဒေါ်မြအေး သည် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး အကြမ်းဖက် PDF များက သတ်ဖြတ်ရခြင်းအကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် သာမန်ပြည်သူများကို ဒလန်ဟူသော စွပ်စွဲချက်များဖြင့် သတ်ဖြတ်လေ့ရှိကြောင်း သိရှိရပါသည်။

#PAN