“အိန္ဒိယကို NATO+ တွင်ပါဝင်နိုင်ရန် တွေ့ဆုံမှုများပြုလုပ်”

ဇွန် ၆

အမေရိကန် နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Lloyd Austin က အိန္ဒိယနိုင်ငံကို စစ်လက်နက်များ ပိုမိုရောင်းချနိုင်ရန် နှင့် NATO+ တွင် ပါဝင်လာ နိုင်စေရန်အတွက် အိန္ဒိယနိုင်ငံ နယူးဒေလိီ မြို့ကို ရောက်ရှိလာခဲ့ တာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Rajnath Singh က အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် နယူးဒေလီမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၅ရက်နေ့ တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံက အမေရိကန်နိုင်ငံ၏ ဂျက်တိုက် လေယာဉ်နည်းပညာများကို မျှဝေနိုင်ရန် နှင့် အမေရိကန်စစ်တပ်၏ ကန်ထရိုက်တာ General Atomics Aeronautical Systems ထံမှ ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ MQ-9B Reaper အစင်း ၃၀ ဝယ်ယူနိုင်ရေးများကို ဆွေးနွေးခဲ့ ကြတာ ဖြစ်တယ်လို့ သတင်းဌာနများ ကဖော် ပြပြောဆ်ိုနေကြတာလည်းဖြစ်ပါတယ်။