သထုံမြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူ PDFများက တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး စိုးရိမ်ရဒဏ်ရာရ

ဇွန် ၆ 

       ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မွန် ပြည်နယ်၊သထုံမြို့နယ်၊ ကမာဆိုင်ကျေးရွာနှင့် ကလိကျွန်းကျေးရွာကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမမိုင်တိုင်အမှတ် (၁၃၄/၆)နှင့်(၁၃၄/၇) အကြားအရောက်တွင် ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသော  တပ်မတော်ယာဉ်တန်းကို အကြမ်းဖက်သောင်းကျန်းသူ PDF (စိစစ်ဆဲ)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်းအား ထိမှန်ခြင်းမရှိဘဲ ယာဉ်တန်းအနောက်မှ စီးနင်းမောင်နင်လာသော မောင်ခိုင်ထွန်း၊ ၂၃ နှစ်၊(ဘ)ဦးမောင်ထွေး မောင်းနှင်ပြီး နောက်တွင် ဦးဖာထေး၊၅၀နှစ်၊(ဘ)ဦးတင်အေး၊ကရင်/ဗုဒ္ဓ၊ရာဘာခြံလုပ်၊ကွက်သစ်ရပ်ကွက်၊ ကမာစိုင်ကျေးရွာ၊ ဒုံဝန်းကျေးရွာအုပ်စု၊ သထုံမြို့နယ်နေသူ လိုက်ပါစီးနင်းလာသည့် နံပါတ်ပြားမပါ၊ Honda Wave -100 အမျိုးအစား၊ အနက်ရောင်ဆိုင်ကယ်ကို မိုင်းစထိမှန်ခဲ့ကြောင်း သိရှိရပါသည်။

       မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မောင်ခိုင်ထွန်းတွင် ဝဲဖက်ဝမ်းဗိုက် ၁ လက်မခန့် ဖေါက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း၊၎င်းဒဏ်ရာရလူနာကို မိုးကောင်းလူမှုကူညီရေး အသင်းမော်တော်ယာဉ်ဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN