“တရုတ် နိုင်ငံ၏ ရန်လိုနေသည့် အပြုအမူ ပဋိပက္ခများ တွင် မိမိကိုယ်ကို ခုခံကာကွယ် နိုင်ရန် အသင့်ရှိနေပြီဖြစ်​ကြောင်း ထိုင်ဝမ်နိုင်ငံခြား ရေးဝန်ကြီးပြောကြားခဲ့”

ဇွန် ၄

ထိုင်ဝမ်နိုင်ငံ၏ သံတမန်ရေးရာ အကြီးအကဲက အမေရိကန်နိုင်ငံသည် ထိုင်ဝမ်ကျွန်း၏ စစ်ဘက် ဆိုင်ရာ လေ့ကျင့်မှုများတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံသည် ထိုင်ဝမ်နိုင်ငံကို စစ်လက်နက်များ ထောက်ပံ့ပေးရုံ သာမက ထိုင်ဝမ်ကျွန်း၏တပ်များကို လေ့ကျင့် ပေးရာတွင်လည်း ကူညီပါဝင်ခဲ့ကြောင်း​ ပြောကြား ခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီး Joseph Wu က BBC အသံလွှင့်ကော်ပိုရေးရှင်းနဲ့ ယနေ့ တွေ့ဆုံ မေးမြန်းခန်းတွင် အခုလို ကြေညာခဲ့ တာလည်း ဖြစ်ပါတယ်။

“သူတို့ (အမေရိကန်) က ထိုင်ဝမ်နိုင်ငံရဲ့ ကိုယ်ပိုင် ကာကွယ်ရေးအတွက် လိုအပ်တဲ့ စစ်လက်နက်တွေ ပို့ပေးနေပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်က ထိုင်ဝမ် စစ်သားတွေကို ခေတ်သစ်စစ်ပွဲများအတွက် အဆင်သင့်ဖြစ်နေအောင် လေ့ကျင့်ပေးနေကြတာပါ အဲဒါကို ကျနော် အရမ်းကျေးဇူးတင်တယ်” လို့ ၎င်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ထို့နောက် တရုတ် နိုင်ငံ၏ ရန်လိုနေသည့် အပြုအမူ ပဋိပက္ခများ တွင် ထိုင်ဝမ်နိုင်ငံသည် မိမိကိုယ်ကို ခုခံကာကွယ် နိုင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း Joseph Wu က အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုနေကြပါတယ်။