မဘိမ်းမြို့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ကော်မတီဝင်၏အမဖြစ်သူကို အကြမ်းဖက် PDFများက ဖမ်းဆီးခေါ်ဆောင်

ဇွန် ၃

     ရှမ်းပြည် နယ်မြောက်ပိုင်း၊မဘိမ်းမြို့နယ်၊ငါးအိုးကျေးရွာနေ၊မဘိမ်းမြို့နယ်၊ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ကော်မတီဝင် ဦးခင်မောင်ထူး၏ အမဖြစ်သူကို ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDFများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။

    အဆိုပါ အဖမ်းခံရသူ ဦးခင်မောင်ထူး၏အမ ဖြစ်သူသည် ၎င်း၏ယာခင်း တောအတွင်းတွင် အေးချမ်းစွာ မိသားစုနှင့်အတူ နေထိုင်နေစဥ် အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရပါသည်။

     ၎င်း၏မောင်ဖြစ်သူ ဦးခင်မောင်ထူးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု မဘိမ်းမြို့ နယ်၊အမှတ်(၁) မဲဆန္ဒနယ်လွှတ်တော်ကိုယ်စား လှယ်‌လောင်းအဖြစ် ၂၀၂၀ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ် ပြိုင်ခဲ့ဖူးသူဖြစ်ကြောင်း၊ဦးခင်မောင်ထူး၏နေအိမ်ကိုလည်း ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းတွင်  အကြမ်း ဖက်အဖွဲ့များက ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ဖူးကြောင်းသိရပါသည်။

       မဘိမ်းမြို့နယ်မှ (NLD)ပါတီကိုယ်စားလှယ်များနှင့် (NLD) ပါတီဝင် အများအပြားသည် PDF အကြမ်းဖက်အဖွဲ့များတွင် လက်နက်ကိုင်အကြမ်းဖက်အဖြစ်ပါဝင်ကာ  အပြစ်မဲ့ပြည် သူများကို သတ်ဖြတ်နေသောသူများဖြစ်ကြောင်း၊NLDပါတီလွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  ဦးခင်မောင်ညို(ခ) ခေါင်းဖြူသည် မဘိမ်းမြို့နယ်‌ဒေသတွင် PDF  အကြမ်းဖက်ခေါင်းဆောင်အဖြစ် လှုပ်ရှားနေသူဖြစ်ကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည်။

#PAN