ကော့သောင်းမြို့တွင် ပြည်သူအများစုအာရုံစိုက်လာမည့် အကြမ်းဖက်လုပ်ငန်းများ ဆောက်ရွက်ရန် စီမံချက်ရေးဆွဲ

ဇွန် ၃

     တနင်္သာရီတိုင်အတွင်းရှိ မြို့နယ်အနှံ့အပြားတွင် လက်ရှိ နစက အစိုးရ တော်လှန်ရေးလှုပ်ရှားမှု့များ စဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်း၊ တိုင်းစစ်ဌာနချုပ်ရှိသည့် မြိတ်မြို့တွင်ပင် မြို့ပေါ်လှုပ်ရှားမှုများရှိနေသော်လည်း ကော့သောင်းမြို့တွင်ငြိမ်သက်နေသည်ကိုတွေ့ရပါသည်။

   ကျောင်းများဖွင့်လှစ်ပြီး ကျောင်းလုံခြုံရေးအတွက် စစ်တပ်နှင့်ရဲ ၊လုံခြုံရေးအဖွဲ့များအလုပ်များနေသည့် ကာလအတွင်းကော့သောင်းမြို့ပေါ် လူစည်ကားရာနေရာများတွင် ဗုံဖောက်ခွဲခြင်း၊ အရေးကြီးရုံးဌာနများအားတိုက်ခိုက်ခြင်း၊လုံခြုံရေးအဖွဲ့ဝင်များနှင့် စစ်တပ်ဒေါက်တိုင်များသုတ်သင်ရေးစသည့် ပြည်သူအများစုအာရုံစိုက်လာမည့် တော်လှန်ရေးလှုပ်ရှားမှု့တစ်ခုကို ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အတွင်း စီမံချက်ရေးဆွဲ၍မဖြစ်မနေဆောင်ရွက်ရန် တနင်္သာရီ တိုင်း အကြမ်းဖက် PDFတပ်ပေါင်းစုညှိုနှိုင်းရေးအဖွဲ့က ကော့သောင်း အကြမ်းဖက် PDFအဖွဲ့သို့ညွှန်ကြားထားကြောင်းသတင်းရရှိပါသည်။

#PAN