“ဆွီဒင်ကို NATO အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးရန် နေတိုး အထွေထွေ အတွင်းရေးမှူးချုပ် Turkiye သို့ သွားရောက်မည်”

ဇွန် ၂

အမေရိကန် အနောက်အုပ်စု NATO အဖွဲ့ ၏ အတွင်းရေးမှူးချုပ် Jens Stoltenberg သည် ဆွီဒင်နိုင်ငံက်ို မဟာမိတ် NATO အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်နိုင်ရန် Turkiye နိုင်ငံ သို့ သွားရောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့တွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဆွီဒင်နိုင်ငံကို NATOအဖွဲ့အတွင်းဝင်ရောက်ခြင်းရဲ့ အရေးပါမှုတွေကို ကျနော် အမြဲတမ်း မီးမောင်းထိုး ပြနေမှာပါ။ ပြီးတော့ ဆွီဒင်အဖွဲ့ဝင်ဖြစ်ရေး အတတ် နိုင်ဆုံး နဲ့ အမြန်ဆုံးဖြစ်နိုင်ချေကို ဘယ်လို သေချာ နိုင်မလဲဆိုတာ ဆက်လက်​အဖြေရှာဖို့အတွက် မကြာမီကာလအတွင်းမှာ Ankara ကို ခရီးဆက် မှာပါ” လို့ အလွတ်သဘော တွေ့ဆုံမှုများ မတိုင်မီ ၎င်းက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် ၎င်းက NATO အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ နှင့် ယခုသီတင်း ပတ်အစောပိုင်းတွင် တူရကီသမ္မတ Recep Tayyip Erdogan တို့ စကားပြောဆို များရှိခဲ့ကြ ကြောင်း Stoltenberg က ပြောကြားခဲ့ပြီး ၎င်း၏ Turkiyeနိုင်ငံ ခရီးစဉ်အတွက် နေ့ရက် အတိအကျ ကိုတော့ ပြောဆိုထားခြင်းမရှိခဲ့ပါဘူး လို့ သတင်းဌာနများ က​ဖော်ပြပြောဆိုနေကြပါတယ်။