မတ္တရာမြို့နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာနေသော လမ်းပေါ်တွင် အကြမ်းဖက် PDF များ ထောင်ထားသောမိုင်းကို နင်းမိပြီး ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

ဇွန် ၁

     ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊သုံးဆယ်ပေးကျေးရွာအုပ်စု၊သုံးဆယ်ပေးကျေးရွာနေ သာမန်ပြည်သူ မောင်အောင်ပြည့်စုံ၊၁၆နှစ်၊(ဘ)ဦးမောင်မြင့်သည် ၎င်းပိုင်စိုက်ခင်းများ ဆေးဖြန်းရန်အတွက် ပိုးသတ်ဆေးဝယ်ယူရန် နေအိမ်မှ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့စဥ် မတ္တရာမြို့နယ်၊ကုန်းတန်းကျေးရွာအုပ်စု၊ကုန်းတန်းလေးကျေးရွာ အဝင်လမ်းဘေးတွင် လူသတ်အကြမ်းဖက် PDF
များ ထောင်ထားသောမိုင်းကို နင်းမိပေါက်ကွဲပြီး မောင်အောင်ပြည့်စုံတွင် ယာဘက် ရင်အုံမိုင်းစထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

      တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့က မွေးဖွားပေးခဲ့သော PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရာ ယခုအကြိမ်တွင်လည်း အများပြည်သူ အသုံးပြုသွားလာနေသော လမ်းပေါ်၌ ယခုကဲ့သို့ မိုင်းထောင်ခြင်းမှာ အရပ်သားပြည်သူတွေကိုသာထိခိုက်စေသည့် အလွန်ယုတ်မာပြီးလူမဆန်သည့် လုပ်ရပ်ပင်ဖြစ်ကြောင်း ဒေသခံပြည်သူများမှ ပြောကြားနေကြောင်း သိရှိရပါသည်။

#PAN