ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကို ပရီးမီးယားလိဂ်အဖွဲ့ချုပ် (EPL)မှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု၊ လိဂ်မန်နေဂျာများအဖွဲ့အစည်း(LMA)မှ ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးနည်းပြဆု(Sir Alex Ferguson Trophy)နှင့် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုများ ရရှိခဲ့ပါတယ်။
ဂွါဒီယိုလာ ဟာ EPL အကောင်းဆုံးဆုကို လေးကြိမ်မြောက်နှင့် LMA အကောင်းဆုံးဆုကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
LMA၏ အမျိုးသမီးစူပါလိဂ်အကောင်းဆုံး နည်းပြဆုကို ချယ်လ်ဆီးနည်းပြ အမ်မာ ဟေးစ်၊ လိဂ်ချန်ပီယံရှစ် အကောင်းဆုံးနည်းပြဆုကို ဘန်လေနည်းပြ ဗင်းဆင့်ကွန်ပနီတို့က
ရရှိခဲ့ပါတယ်။
Photos: Man City, LMA