မင်္ဂလာဒုံမြို့နယ်တွင် တာဝန်သိပြည်သူတို့၏ သတင်းပေးပို့မှုကြောင့် မူးယစ်ဆေးဝါးများ သုံးစွဲဖြန့်ဖြူးသူ နှစ်ဦးကို  မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

မေ ၃၁

      ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊မဂ်လာဒုံမြို့နယ်၊သင်္ဃကျွန်းကြီးကျေး ရွာအုပ်စု၊မြရတနာကျေးရွာ၊သပြေလမ်းရှိ လိုင်း ခန်း ၃ ခန်းတွဲ၊အလယ်ခန်းတွင် မူးယစ်ဆေးဝါးများ သုံးစွဲဖြန့်ဖြူးနေကြောင်း တာဝန်သိပြည်သူတို့၏ သတင်းပေးပို့ချက်အရ တပ်နယ် နယ်မြေ (၃) မှ လုံခြုံရေးပူးပေါင်းအဖွဲ့များက ရှာဖွေခဲ့ရာ မြရတနာသပြေလမ်းရှိ အမှတ် ၁၃၅၂ အိမ်ပိုင်ရှင် ဦးမင်းမင်းထိုက် +ဒေါ်မိုးမိုးခိုင်တို့အိမ် နေအိမ် လိုင်းခန်းတွင် ငှားရမ်းနေထိုင်သူ ခင်မောင်ဋ္ဌေး (ဘ)ဦးအေးတင်၊၁၂/ မဂဒ (နိုင်) ၁၇၁၀၄၁ နှင့် အောင်မျိုးမင်း(ဘ) ဦးကျော်ရှိန် ၁၂/ လမန (နိုင်) ၁၀၂၆၅၃ ကိုင်ဆောင်သူတို့ကို WY စိတ်ကြွ ရူးသွပ် မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့ပါသည်။

       အဆိုပါ တရားခံနှစ်ဦးကို နယ်မြေတာဝန်ခံ ရဲတပ် ဖွဲ့သို့  အပ်နှံခဲ့ပြီး မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှု့ဖွင့်လှစ် အရေးယူထားကြောင်း သတင်းရရှိပါသည်။

#PAN