မြောင်မြို့နယ်စည်ပင်တာဝန်ခံအင်ဂျင်နီယာနေအိမ်တွင် အကြမ်းဖက်လူသတ် PDF များက ငွေ ၂၅ သိန်းကျပ်ခန့်နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့ကို ယူဆောင်၍ လက်လုပ်မိုင်းဖြင့်ဖောက်ခွဲခဲ့


မေ ၂၁

       ယနေ့ နံနက် ၁၁ နာရီ ၄၅ မီးနစ်အချိန်တွင် စစ်ကိုင်းဒေသကြီး၊မြောင်မြို့နယ်၊ကျောင်းတော်ကြီးကျေးရွာနေသူ ဦးနိုင်ဝင်း၊ ၅၅ နှစ်၊(ဘ)ဦးကြည်မောင်၊ မြောင်မြို့နယ်စည်ပင်တာဝန်ခံအင်ဂျင်နီယာ(လက်ရှိတာဝန်ထမ်းဆောင်နေသူ)သည် ၎င်း၏နေအိမ်တွင် မိသားစုဝင် ၄ ဦးနှင့်အတူ ရှိနေစဉ် လူသတ်အကြမ်းဖက် PDF အမျိုးသား ၁၀ ဦးခန့်(စိစစ်ဆဲ)မှ ဆိုင်ကယ်(စိစစ်ဆဲ) များဖြင့် လက်နက်များ(စိစစ်ဆဲ)ကိုင်ဆောင်ရောက်ရှိလာပြီး ၎င်းအပါအဝင် မိသားစုဝင်များအား နေအိမ်အတွင်း ဝမ်းလျားမှောက်ခိုင်းကာ နေအိမ်ဗီရိုအတွင်းမှ ငွေ ၂၅ သိန်းကျပ်ခန့်နှင့် လက်ကိုင်ဖုန်း(၅)လုံးတို့ကို ယူဆောင်၍ လက်လုပ်မိုင်း တစ်လုံးကိုလည်းကောင်း၊ နေအိမ်ခြံဝန်းအတွင်းသို့ ထပ်မံ၍ လက်လုပ်မိုင်း ၂ လုံးကိုလည်းကောင်း ပစ်ပေါက်ပြီး စစ်ကိုင်းမြို့နယ်၊မအူပင်ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ပါသည်။

      လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဦးနိုင်ဝင်းတွင် ဝဲလက်ဖျံ ပေါက်ပြဲ၊ ဝဲခြေသလုံး ပေါက်ပြဲ၊ ယာလက်ဖျံပေါက်ပြဲ၊ ယာလက်ဖဝါးပေါက်ပြဲ၊ နောက်စေ့ဖူးယောင်(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်းနှင့် သတင်းရရှိပါ သည်။

https://t.me/positiveanglenews

PAN