ယူကရိန်း အတွက် F-16 တိုက်လေယာဉ်ဘိုးငွေပေးချေဖို့ အမေရိကန်က ဥရောပကို ပြော

မေ ၂၈

     ကြာသပတေးနေ့က ပင်တဂွန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley က ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ စေလွှတ်ခြင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုတွေကို အလေး ပေးပြောကြားခဲ့ပါတယ်။

     General Milley သည် F-16 တိုက်လေယာဉ် ၁၀ စင်းကို ထောက်ပံ့ရန် ပမာဏ ဒေါ်လာ ၂ ဘီလီယံခန့် ရှိပြီး ဂျက်လေယာဉ် ၁၀ စင်းသည် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျကာ ၎င်းတို့၏ ပြုပြင်ထိန်းသိမ်းမှုအတွက် နောက်ထပ် ဒေါ်လာ ၁ ဘီလီယံ လိုအပ်သည်ဟု ဗိုလ်ချုပ် Milley က ခန့်မှန်းခဲ့ပါတယ်။

    လောလောဆယ်မှာတော့ ယူကရိန်းကို ဘယ်နိုင်ငံက လေယာဉ်အစီးရေ ဘယ်လောက်ပေးမယ်ဆိုတာ မသေချာသေးကြောင်း သိရှိရပါတယ်။

#PAN