တံတားဦးမြို့နယ်အတွင်းပြည်ခိုင်ဖြိုးပါတီဝင်များကို PDF အမည်ခံလူသတ်ကြမ်းဖက်သောင်း ကျန်းသူများက ရှာဖွေသတ်ဖြတ်

မေ ၂၇

      ယမန်နေ့ ည ၁၀ နာရီ ၅၀ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်၊ထောက်ရစ်ကျေးရွာအုပ်စု၊ထောက်ရစ်ကျေးရွာအတွင်းသို့ ဧရာဝတီမြစ်ဘက်မှ စက်လှေဖြင့် PDF အမည်ခံ လူသတ်အကြမ်းဖက်သမား (ကျား/မ စီစစ်ဆဲ)အင်အား ၅၀ဦးဝင်ရောက်လာပြီး ကျေးရွာအတွင်း ၎င်းတို့သတ်ဖြတ်ရန် ရည် ရွယ်ပြီး ယူဆောင်လာတဲ့အမည်စာရင်းပါ ပြည်ခိုင်ဖြိုးပါတီဝင်များကို လိုက်လံရှာဖွေကာ သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။

   ထိုကဲ့သို့ အမည်စာရင်းဖြင့်ယူဆောင်လာပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ ဦးစောဝင်း၊၅၀နှစ်၊(ဘ)ဦးကျော်သောင်း၊(ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ)တွင် ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-မေး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊လည်ပင်း ညှပ်ရိုးဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် နေအိမ်ကုတင်ပေါ်တွင် သေဆုံး၊ ဦးဆန်းမင်းကို၊၅၀နှစ်၊(ဘ)ဦးပြေ(ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်)တွင် ဝဲ-နားရွက် ပြတ်ထွက်ဒဏ်ရာ၊ဝဲ-နားအောက် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ခလယ် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ဖျံ ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ကောက်ဝတ် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၃ချက်၊ယာ-နား ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် နေအိမ်အပေါ်ထပ် လေသာဆောင်တွင် သေဆုံး၊ ဦးစိုးနိူင်(ခ)ဦးဘာဘူစိန်၊၄၉နှစ်၊(ဘ)ဦးသာပို(ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်၊ယခင် စည်းရုံးရေးမှုး)တွင် ဝဲ-ပေါင် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ကျောပြင် ဖောက်ထွက်ဒဏ်ရာ ၁ချက်ဖြင့် နေအိမ်နောက် ဖေးတွင် သေဆုံး၊ ဦးမင်းမင်းသိုက်၊၄၂နှစ်၊(ဘ)ဦးသောင်းရွှေ(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)တွင် ဝဲ-ရင်အုံဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-မျက်လုံး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ယာ-ခေါင်းထိပ် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဂုတ်ပိုး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-ခါးစောင်း ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-နားထင် ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် ထောက်ရစ်-ပေါက်မြိုင် ကျေးရွာချင်းဆက်လမ်းဘေး သစ်ပင်အောက်တွင် မှောက်လျက်သေဆုံး၊ ဦးကိုကိုနိူင်(ခ)ဦးဂျိုကာ၊၃၀နှစ်၊(ဘ)ဦးစိန်ဝင်း(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)တွင် မျက်နှာ ဝဲဘက်ခြမ်း ပွင့်ထွက်၊ဝဲ-ညှပ်ရိုး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-ပေါင် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ယာ-တင်ပါး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-ပေါင် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ယာ-တင်ပါး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဂုတ်ပိုး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ပြင် ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် နေအိမ်ဝင်ပေါက် ကွပ်ပြစ်ပေါ်တွင် မှေက်လျက် သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာများ အနီးမှ AK ကျည်ခွံများ တွေ့ရှိရကြောင်း သတင်းရရှိပါတယ်။

    တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် စစ်အာဏာရှင်
တော်လှန်ရေး အမည်ခံထားသော်လည်း လက် တွေ့တွင် လက်နက်ကိုင်ဆောင်ခြင်းမရှိတဲ့ အရပ်သားပြည်သူများကို ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒအတိုင်း ၎င်းတို့ကို အားပေးထောက်ခံခြင်းမရှိသူများ၊ ပြည်ခိုင်းဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်း ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့၏မိသားစုများကိုပါနည်းမျိုးစုံဖြင့် သတ်ဖြတ်နေကြပြီး ပြည်ခိုင်ဖြိုးပါတီဝင် စုစုပေါင်း ၂၄၀၀ ကျော်မှာ ၎င်းတို့၏ သတ်ဖြတ်ခြင်းခံကြရကြောင်း သိရှိရပါသည်။

#PAN