“ဥရောပတွင် စားနပ်ရိက္ခာပြတ်လပ်မှုများအတွက် ဂျုံအစားထိုးများ စိုက်ပျိုးနိုင်ရန် စတင်ပြင်ဆင်နေ”

မေလ ၂၇

The Guardian သတင်းစာ၏ယနေ့မေလ ၂၇ရက်နေ့တွင်ထုတ်ပြန်သော သတင်းတင်ပြ မှုများတွင် ဥရောပတိုက်သည် စားနပ်ရိက္ခာများ ပြတ်လပ် နိုင်မှု အကြောင်းကို ရေးသားထားပါတယ်။

အဆိုပါ စားနပ်ရိက္ခာပြတ်လပ်နိုင်မှု ကိုဟန့်တားနိုင် သည့် အနေဖြင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးဈေး ကွက်ကို အနှောင့်အယှက်များဖြစ်ပေါ် စေခဲ့သော ရုရှားနိုင်ငံကို ဆန့်ကျင်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု များကို ရုတ်သိမ်းပေးရန် နာမည်ကျော် ဗြိတိန်နိုင်ငံ၏ သိပ္ပံပညာရှင် များက တောင်းဆိုခဲ့ကြတာလို့တော့ မထင်လိုက်ပါနဲ့ မဟုတ်ဘူး။

ဥရောပတိုက်ရှိ သိပ္ပံပညာရှင်များက ဂျုံအစားထိုး စိုက်ပျိုးနိုင်ရန် ရေညှိစိုက်ပျိုးဖို့ တောင်းဆိုခဲ့ကြပါ တယ်။ “ဥရောပမှာ စားနပ်ရိက္ခာပြတ် လပ်မှုမဖြစ်ပေါ် စေဖို့ ရေညှိတွေ အမြောက်အမြားစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ဥရောပနိုင်ငံပေါင်း ၃၃ နိုင်ငံက ပင်လယ်ရေမှော်တွေကို စိုက်ပျိုးဖို့ အစီအစဉ် တစ်ခုအနေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး မကြာခင် စူပါမားကတ်စင်တွေမှာ ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” လို့ သတင်းဌာနမှဖော်ပြပြော ဆိုထားပါတယ်။

စားနပ်ရိက္ခာဆိုင်ရာ သိပ္ပံပညာရှင်များသည် အဆိုပါ ရိက္ခာပြတ်လပ်မှု ပြဿနာကို သေချာစွာ လေ့လာ ထားကြပြီး ဥရောပတိုက်ရှိ စားဖိုမှူးများအား အသုပ်များ၊ အကြော်များနှင့် ပင်လယ်ရေမှော်များ ဖြင့်ပြုလုပ် သော ဟင်းချိုများ အတွက် ချက်ပြုတ် နည်းများ ပြုစုပေးထားရန် တောင်းဆိုခဲ့ ကြတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။