လောင်းလုံးမြို့၊မြိုနယ်လဝကရုံးကို လူသတ်အကြမ်းဖက် PDF အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်​ရောက်ပစ်ခတ် ဒုလဝကမှူး တစ်ဦးသေဆုံး


မေ ၂၃

     တနင်္သာရီတိုင်း​ဒေသကြီး၊ထားဝယ်ခရိုင်​၊လောင်းလုံးမြို့၊မြိုနယ်လဝကရုံးကို လူသတ်အကြမ်းဖက် PDF အဖွဲ့က ယနေ့ နံနက် ၁၁ နာရီ ၅၅ မီးနစ်အချိန်ခန်တွင် လက်နက်ငယ်များဖြင့် ဝင်​ရောက်ပစ်ခတ်ခဲ့ရာ ဦးမင်းသိန်းလတ်၊ ၄၄ နှစ် (ဘ)ဦးညွန့်တင်၊ ဒုလဝကမှူး၊မြို့နယ်လဝကဝန်ထမ်း၊(က)ရပ်ကွက်၊ဝန်ထမ်းအိမ်ယာ​လောင်းလုံးမြို့တွင်​နေထိုင်သူသည် ကျည်ထိမှန်​သေဆုံးသွား​ခဲ့ပါသည်။

      ဖြစ်စဥ်မှာ ပစ်သတ်ခံရသူသည် ဦးမင်းသိန်းလတ်သည် မြို့နယ်လဝကရုံးအတွင်း၌ တာဝန်​​ထမ်းဆောင်နေစဥ် လူသတ်အကြမ်းဖက် PDF
အဖွဲ့ဝင် ၈ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် မြို့နယ်လဝကရုံးအတွင်းသို့ ရုတ်တရက်ဝင်​ရောက်လာပြီး
​သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာ လောင်းလုံးမြို့၏အ​နောက်ဖက် ပညစ်​ကျေးရွာဘက်သို့ ၎င်းတို့စီးလာ​သောဆိုင်ကယ်များဖြင့် ထွက်​ပြေးသွားခဲ့သည်။

     လူသတ်အကြမ်းဖက် PDF များ၏ သေနတ်ဖြင့် ပစ်ခတ်မှု့​ကြောင့် ဦးမင်းသိန်းလတ်၏ဝဲဘက်နားထင် ကျည်​ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိပြီးအခင်းဖြစ်​နေရာတွင်​သေဆုံးခဲ့သည်။

     ၎င်းအပြင် အကြမ်းဖက် PDF များသည် မွန်းတည့် ၁၂ နာရီအချိန်​တွင် လောင်းလုံးမြို့ရဲစခန်းကို ရဲစခန်း၏အ​နောက်ဖက် တစ်လမ်းမခြား ကမ္ဘာ့ရတနာဘဏ်န​ဘေး၊(ဃ)ရပ်ကွက်၊ပြည်သာလမ်းမှ လက်လုပ်​သေနတ်ဖြင့် ၂ ချက်ပစ်ခဲ့ရာ လူ၊အ​ဆောက်အဦးထိခိုက်မရှိ​ကြောင်း သတင်းရရှိပါသည်။

PAN