အုတ်ဖိုမြို့နယ်၊ ရွှေကြာအင်းကျေးရွာ၊ ရိုးမပတ် လမ်းအနီး နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးကို စိစစ်ဆဲအကြမ်းဖက်သမားများက သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဩဂုတ် ၂၀

        ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရွှေကြာအင်းကျေးရွာ၊ ရိုးမပတ်လမ်းအနီးရှိ နှစ်ရှည်ပင် စိုက်ပျိုးရေးခြံအတွင်း၌ ဩဂုတ် ၁၈ ရက် မွန်းလွဲ  ၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အမျိုးသား ၁ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခံရကြောင်း သတင်းအရ တာဝန်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ခဲ့စစ်ဆေးရာ  ဝိုင်းကျေးရွာနေသူ နှစ်ရှည်ပင် စိုက်ပျိုးရေးခြံပိုင်ရှင် ဦးသောင်းလေး၊ ၆၈ နှစ် ဆိုသူကို ယာမေးပွင့်ထွက်၊ ယာရင်အုံ/ဝဲပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံး လျက်တွေ့ရှိရကြောင်း သိရပါသည်။

         ဖြစ်စဥ်ကို စုံစမ်းရာ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၂၀  မိနစ်ခန့်တွင် သေဆုံးသူ၏ တူမဖြစ်သူ မအေးမြတ်မွန်၊ ၂၁ နှစ်၊ရွှေကြာအင်းကျေးရွာ နေသူသည် ကျေး ရွာအနီး လယ်ကွင်းအတွင်း ကောက်စိုက်နေရာမှ သေနတ် ပစ်ခတ်သံကြားရသဖြင့် ဦးလေးဖြစ်သူ၏ စိုက်ပျိုးရေးခြံသို့ ပြန်လာခဲ့ရာ တဲ၏ အဘက်ရှေ့၌ မှောက်လျက်အနေအထားဖြင့် ဒဏ်ရာများရရှိကာ  ဦးလေးဖြစ်သူသေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သာမန်ပြည်သူတစ်ဦး ဖြစ်သော ဦးသောင်းလေး ဆိုသူ၏ ရုပ်အလောင်းအား အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းသည်  ယခင်က ရဲတပ် ဖွဲ့ဝင်များနှင့် ရင်းနှီးစွာနေထိုင်သူဖြစ်၍ လူသတ်အကြမ်းဖက်အုပ်စု PDF အဖွဲ့က သတ်ဖြတ်သည်ဟု ယူဆရကြောင်း၊ ဦးသောင်းလေး ကို သတ်ဖြတ်သူ အကြမ်းဖက် သမားများကို ဖမ်းဆီးရမိရရှိရေး စုံစမ်းစစ်ဆေးလျှက်ရှိပြီး မြို့မရဲစခန်း(အုတ်ဖို)က (ပ) ၁၁၂/ ၂၀၂၃၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

#PAN