သြဂုတ် ၁၄
ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်ချိန်ခန့်က ရှမ်း ပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ အမှတ်(၄)ရပ်ကွက်နေ ရာအိမ်မှူး ဦးဆန်းညွန့် ၊ ၅၃ နှစ်၊ ဇနီးဖြစ်သူ ဒေါ်သိင်္ဂီ နှင့် သားဖြစ်သူ မောင်ရဲထွန်းအောင်တို့ အတူရှိနေစဉ် နေအိမ်သို့ ပျောက်ကြားဝတ်စုံဝတ်ဆင်ထားသော အမည်မသိ လူသတ်အကြမ်းဖက်သမား PDF
နှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး ဧည့်စာရင်းတိုင်ကြားရန်ပြောသဖြင့် သားဖြစ်သူမှ ခြံဝန်းတံခါးဖွင့်ပေးစဉ် နေအိမ်ပေါ်သို့ တက်ရောက်ပြီး အသင့်ပါလာသော သေနတ်အရှည်ဖြင့် ၂ ချက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သမား PDF များ၏ ပစ်ခတ်မှုကြောင့် ဦးဆန်းညွန့်၏ ယာဖက်လက်မောင်း ကျည်ဖေါက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဖက်နောက်ကျော ကျည်ဖေါက်ဝင်ဒဏ်ရာတစ်ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်သိင်္ဂီမှာ ဝဲဖက်ပေါင် ကျည်ရှပ်ထိဒဏ်ရာတစ်ချက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲကြောင်းသတင်းရရှိပါသည်။
အဆိုပါ သေဆုံးသူ ဦးဆန်းညွန့် သည် ရာအိမ်မှူး တစ်ဦးဖြစ်သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ရပ်ကွက်ဥက္ကဋ္ဌ လည်းဖြစ် ကြောင်း သိရပါသည်။ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များကို စစ်တပ်ဒေါက်တိုင်များဟု ကင်ပွန်းတပ်ပြီး နိုင်ငံတစ်ဝန်း ပစ်မှတ်ထား သတ်ဖြတ်နေကြကြောင်း သိရပါသည်။
#PAN