တောင်ငူမြို့နယ်၊ ကျေးအင်းရွာနေသူ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကို အကြမ်းဖက် PDF များက သတ်ဖြတ်၊ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူ စုစုပေါင်း ၂၄၀၀ ကျော် သတ်ဖြတ်ခံထားရ

ဩဂုတ် ၁၄

       ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူမြို့နယ်၊
ကရင်ချောင်းအုပ်စု၊ ကျေးအင်းရွာနေသူ ကိုမောင်ဦး၊ ၅၄ နှစ်၊(ဘ) ဦးအောင်လွန်း၊ လက်သမားလုပ်ငန်း လုပ် ကိုင်သူသည် ၎င်းရွာရှိ အဒေါ်ဖြစ်သူ ဒေါ်ခင်မာဝင်းနေအိမ်၌ ရှိနေစဥ် ဆိုင်ကယ် နှစ်စီး မျက် နှာဖုံးစွပ်ဖြင့် စိစစ်ဆဲ အကြမ်းဖက်သောင်ကျန်းသူ PDF ၄ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ၂ချက်ဖြင်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

       ထိုသို့ အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကိုမောင်ဦး တွင် နဖူးဖောက်ဝင် ဒဏ်ရာ ၂ ချက်ဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ သေဆုံးသူ ကိုမောင်ဦး သည် ပြည် ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့် ညပိုင်းတွင် နေအိမ်တွင် မနေဘဲရှောင်နေကြောင်း၊ နေ့ခင်းပိုင်းမှသာ နေအိမ်သို့ပြန်လာနေကြောင်း၊ ယခု ဖြစ်စဥ်တွင် ၎င်းနေအိမ်နှင့် နှစ်အိမ်အကျော်ရှိ ၎င်းအဒေါ်အိမ်သို့ သွားရောက်လည်ပတ်စဥ် ယခုလို သတ်ဖြတ်ခြင်း ခံရကြောင်း သိရပါသည်။

      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေရာ ယခုအခါ ပြည်ခိုင်ဖြိုးပါတီ ဝင်နှင့် ဝန်းရံသူ စုစုပေါင်း ၂၄၀၀ ကျော် သတ် ဖြတ်ခံထားရကြောင်း အဆိုပါ ပါတီနှင့်နီးစပ်သူ များထံမှ သိရပါသည်။

#PAN