မြင်းခြံမြို့နယ်၊ပဲကြီးခင်းကျေးရွာ အခြေပြု လုံခြုံရေးစစ်ကြောင်းသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် အကြမ်းဖက် PDF အဖွဲ့က Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ရာ တပ်သားနှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ

သြဂုတ် ၄

     မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊ပဲကြီးခင်းကျေးရွာ အခြေပြု လုံခြုံရေးစစ်ကြောင်းသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန် အခြေ ပြုနေရာမှ ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင်  ထွက်ခွာခဲ့ရာ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ဖောင်းကျင်း(တောင်)ကျေးရွာအနီး ရောက်ရှိပြီး နယ်မြေရှင်းလင်းရေး ဆောင် ရွက်စဥ် အကြမ်းဖက် PDF အဖွဲ့က ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၆၀၀ ခန့်အမြင့်မှ Drop Bomb ၁လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့်
လုံခြုံရေးစစ်ကြောင်းမှ တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ ယာ-ခြေသလုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-ဒူးဆစ် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ဒူးကောက်ကွေး ဖောက်ဝင်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)နှင့် နောက်တစ်ဦးတွင် ယာ-မျက်ခမ်းစပ် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအား မိတ္ထီလာ၊တပ်မ တော်စစ်ဆေးရုံ၊ကုတင် ၅၀၀သို့ ပို့ဆောင်ကုသ လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN