ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၁၀၆၈ ရွာမှ လူနေအိမ် ၄၄၉၂၈ လုံး၊ သာသနိက အဆောက်အဦး ၃၇၆ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊  ဌာနဆိုင်ရာ အဆောက်အဦး ၁၅၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၄၈ ဦး သေဆုံး


မေ  ၁၇

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင်  တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။

          ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အသေးစိတ် ထပ်မံစီစစ်ခဲ့ရာ မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းထိ ရရှိသော စာရင်းများအရ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ရွာမှ လူနေအိမ် ၁၂ လုံး၊ သာသနိက အဆောက်အဦး ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင် ကျောင်း ၃ ကျောင်း၊ လေဆိပ်အဆောက်အဦး ၁ ခု၊ ဓာတ်မီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာအဆောက်အဦး ၁ လုံး၊ အုတ်နံရံ ၁ ခု၊ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၄ ရွာမှ လူနေအိမ် ၁၂၉ လုံး၊ သာသနိက အဆောက်အဦး ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂ ခု၊ ဓာတ်မီးတိုင် ၄ ခု၊ ဌာနဆိုင်ရာ အဆောက်အဦး ၃၀ ခု၊ ဘောလုံးကွင်း ၁ ကွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ လူနေအိမ် ၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၆ တိုင်၊ ဓာတ်မီးတိုင် ၂ တိုင်၊ ထရန် စဖော်မာ ၁ လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊ တံတား ၃ စင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၂ ရွာမှ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၁ တိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ၃၄ ရွာမှ လူနေအိမ် ၄ လုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊ တံတား ၁ စင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ သာသနိက အဆောက်အဦး ၄ ခု၊ မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄ ရွာမှ လူနေအိမ် ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ ရခိုင်ပြည်နယ်အတွင်း ရှိ ရပ်ကွက်/ကျေးရွာ ၆၈၆ ရွာမှ လူနေအိမ် ၄၄၅၀၂ လုံး၊ သာသနိကအဆောက်အဦး ၃၆၆ ခု၊ ဘုန်းတော်ကြီးကျောင်း ၄၈ ကျောင်း၊ စာသင်ကျောင်း ၃၉၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅၂ ခု၊ ဈေး ၁ ခု၊ လေဆိပ်အဆောက်အဦး ၁ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁ ခု၊ ဓာတ်မီးတိုင် ၇ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦး ၁၁၈ လုံး၊ အခြားပျက်စီးမှု ၉၃၂ ခု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ လူနေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အဦး ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၇ ကျောင်း၊ ဆက်သွယ်ရေး တာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၆၀ တိုင်၊ ထရန်စဖော်မာ ၂ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦး ၆ လုံး၊ ဘောလုံးကွင်း ၂ ကွင်း၊ အုတ်တံတိုင်း/နံရံ ၃၄ ခု၊ ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာမှ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦး ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၅ ခု၊ ဓာတ်မီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃ လုံး၊ အခြား ပျက်စီးမှု ၄ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် သေဆုံးသူ ၄၇  ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သေဆုံးသူ ၁ ဦးရှိကြောင်း သိရှိရသည်။

သို့ဖြစ်၍ မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း အထိ ရရှိသောစာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခု တို့တွင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ ရပ်ကွက်/ကျေးရွာ ၁၀၆၈ ရွာမှ လူနေအိမ် ၄၄၉၂၈ လုံး၊ သာသနိက အဆောက်အဦ ၃၇၆ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊  ဌာနဆိုင်ရာ အဆောက်အဦ ၁၅၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၄၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့ များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

PAN