(မှုခင်း) နိုဝင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်တွင် လမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦးကို ကားတစ်စီးက ဝင်တိုက်မိခဲ့ရာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် ည ၇ နာရီဝန်းကျင်တွင် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ မြတ်မနောရှေ့အနီး လမ်းမပေါ်တွင် လမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦးကို မောင်းနှင်လာသည့် ကားတစ်စီးက ဝင်တိုက်မိခဲ့ပြီး အမျိုးသားမှာ ပြင်းထန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူမှာ အင်းလေးသပြေပင်သစ်ရွာတွင် နေထိုင်သူ ဦးထွန်းဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN