အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

(မှုခင်း)အောက်တိုဘာ ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၈ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါလက်နက်ကြီး ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာနေ မစုပုံ(ခ)မကြည်ဖြူငြိမ်းထွေး(၂၉)နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးအား ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN