(လွှတ်တော်) အောက်တိုဘာ ၃၀
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့ကို ယနေ့ အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မတက်ရောက်နိုင်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပန်ကြားချက်များကို တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာ၌ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပေးပို့ထားသည့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့ကြောင်း သိရသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ဒုတိယနေ့ကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN