ဘဏ္ဍာနှစ်ခြောက်လအတွင်း ပုစွန်တန်ချိန် ၄,၂၃၅ ကျော် တင်ပို့ပြီး ဒေါ်လာ ၁၃ ဒသမ ၇၆ သန်းရရှိ

(စီးပွားရေး) အောက်တိုဘာ ၂၉

လက်ရှိဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပုစွန်မက်ထရစ်တန် ၄,၂၃၅ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၆ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပုံမှန်ကုန်သွယ်မှုမှတစ်ဆင့် ပုစွန်မက်ထရစ်တန် ၃,၉၇၀ ဒသမ ၂၁၂ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂၉၁ သန်း ရရှိခဲ့သည်။

နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် မက်ထရစ်တန် ၂၆၄ ဒသမ ၉၄ တန် တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးနှင့် အခြားရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်နိုင်ငံတို့အပါအဝင် ပြည်ပနိုင်ငံ ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။

ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းဖြင့် တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိသည်။

အလားတူ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု စုစုပေါင်းမှာ မက်ထရစ်တန် ၁၆၁,၉၃၁ ဒသမ ၅၃၇ တန်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၈၂၆ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

Telegram – t.me/positiveanglenews

#PAN