မန္တလေး ကညနရုံးရှေ့၌ အမျိုးသား ၁ဦး အသတ်ခံရ

(ပြည်တွင်း)အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး ၊ချမ်းမြသာစည်မြို့နယ်ရှိ ကညနရုံးရှေ့၌ အမျိုးသား ၁ဦး အသတ်ခံရကြောင်းသိရသည်။

အောက်တိုဘာ ၂၉ နံနက်၈နာရီခွဲအချိန်က ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊၁၀၁လမ်း၊၇၃×၇၈ လမ်းကြား ကညန ရုံးရှေ့၌ ယာဉ်အမှတ် 4P/5672 အနက်ရောင် Honda Vanos အမျိုးအစားကားပေါ်တွင် အမျိုးသား(၁)ဦး လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ အမျိုးသားမှာ ဦးမျိုးသန့်၊၃၂နှစ်၊(ဘ)ဦးသန်းထွန်း၊ ၄၁×၈၀ လမ်းထောင့်တွင် ဖွင့်လှစ်ထားရှိသော(ခန့်ကြီး) ဘီယာဆိုင်ပိုင်ရှင်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ တရား ခံဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN