ထိုင်းဘက် ကျည်ကျရောက်မှုကြောင့် ထိုင်းအရပ်သားတစ်ဦး ဒဏ်ရာရဟုဆို

(နိုင်ငံတကာ) အောက်တိုဘာ ၂၉

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ် ထိုင်းနိုင်ငံဘက်သို့ ကျည်ဆန်များ ကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဘက်သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်သည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းရှိ မဲခေါင်ခန်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်များကျရောက်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ထိုင်းဘက်မှလာသည့်သတင်းများမှဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နာရေဆွမ်စစ်ဆင်ရေးအဖွဲ့ လက်အောက်ရှိ ရာဂျာမနူး အထူးတာဝန်တပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဂျီရာဖတ် ဟွမ်ဆာဝပ်သည် အောက်တိုဘာ ၂၉ ရက်တွင် နယ်စပ်ဒေသသို့ သွားရောက်ကာ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့​ကြောင်းလည်းဖော်ပြကြသည်။

ထို့ပြင် ဒဏ်ရာရရှိသူကို မဲဆောက်ဆေးရုံ၌ သွားရောက်တွေ့ဆုံအားပေးခဲ့ပြီး ငွေကြေးအကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။သို့သော် ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့သည့် ကျည်ဆန်များကို မည်သည့်ဘက်က ပစ်ခတ်ခဲ့သည်ဆိုသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Telegram – t.me/positiveanglenews

#PAN