(ပြည်တွင်း) အောက်တိုဘာ ၂၉
စခန်းကနေ ထွက်ပြေးသွားကြတဲ့ PDF အဖွဲ့ဝင်တွေ ပြန်လာကြဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က တောင်းဆိုချက် စာတစ်စောင်ကို ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ခွင့်လွန်၊ခွင့်မဲ့၊တပ်ပြေးရဲဘော်များအား ပြန်လည်ခေါ်ယူအကြောင်းကြားခြင်းဆိုတဲ့ ခေါင်းစီးနဲ့ ပြန်လာဖို့ခေါ်ယူထားတဲ့ အဆိုပါ တောင်းဆိုစာကို ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ K-PDF မိုးညှင်းတပ်ရင်း ရုံးအမှတ် ၃၅ က ဒီကနေ့ အောက်တိုဘာ ၂၈ ရက်စွဲနဲ့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာလစပြီး ၂၀၂၆. နှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း မိမိတို့စခန်းကို လူကိုယ်တိုင် လာရောက်သတင်းပို့ တာဝန်ထမ်းဆောင်ကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
အဆိုပါသတ်မှတ်ကာလအတွင်း လာရောက်တဲ့ PDF ရဲဘော်တွေကို ပြစ်ဒဏ်ကနေ လျှော့ပေါ့ပေးသွားမှာ ဖြစ်တယ်လို့လည်း အသိပေစထားပါတယ်။
ဒါပေမယ့် သတ်မှတ်ကာလအတွက် လာရောက်ဖို့ ပျက်ကွက်ခဲ့ပါက နောက်နောင်ဖမ်းဆီးရမိတဲ့အချိန်မှာ စစ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရေးယူသွားမှာ ဖြစ်တယ်လို့ ထိုတောင်းဆိုစာက ခြိမ်းခြောက်ထားပါတယ်။

Telegram – t.me/positiveanglenews
#PAN