(မှုခင်း)အောက်တိုဘာ ၂၈
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၅၄-၆/၇တွင် မော်တော်ယာဥ် ၁စီးသည် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းရှိိ သစ်ပင်အားဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ရက် မွန်းလွဲ၁နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရန်ကုန်မှနေပြည်တော်သို့ ယာဉ်မောင်း အမျိုးသား၁ဦးတည်းမောင်းနှင်လာသည့် TOYOTA Hilux Surf အမျိုးအစား အနက်ပြာရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့် အရိပ်ရပင်အားတိုက်မိပြီး ဆန့်ကျင်ဖက်ယာဉ်ကြော မြေသားတာဘောင်ပေါ်အထိ ရောက်ရှိခဲ့သော ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး Guard Rail (၁)ခန်းနှင့် အရိပ်ရအပင်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN