အလင်းဝင်လိုတဲ့ PDF တွေက ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကိုကယ်ထုတ် လက်နက်ခဲယမ်းတွေပါယူဆောင်သွား

(ပြည်တွင်း) အောက်တိုဘာ ၂၁

PDF အဖွဲ့တွေထဲမှာ အလင်းဝင်လိုသူတွေများပြားနေပြီး အဲဒီအလင်းဝင်လိုသူတွေဟာ ဖမ်းဆီးထားတဲ့ စစ်သုန့်ပန်းတွေကိုပါကယ်ထုတ်နေကြသလို လက်နက်ခဲယမ်းပါရင် ဆုကြေးငွေတွေရရှိတာကြောင့် တစ်ပါတည်းယူဆောင်နေကြတယ်လို့ သိရပါတယ်။

NUG လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေပေါများတဲ့ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တောင်ပိုင်းက PDF အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင် ၄ ယောက်ဟာ ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့မနက်အစောပိုင်းက ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကိုနဲ့အတူ သူ့တို့ရဲ့အဖွဲ့ထဲကနေ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ PDF သတင်းတွေကိုဖော်ပြတဲ့ မြေလတ်သံက ရေးသားပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လလောက်အတွင်းက ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တိုက်ပွဲတွေအတွင်းမှာ ဖမ်းဆီးရမိခဲ့သူတွေဖြစ်တယ်လို့လည်းသိရပြီး ကယ်ထုတ်သွားတဲ့ PDF တွေဟာ သေနတ် ၄ လက်၊ ကျည် ၂ဝဝ ကိုလည်း ယူဆောင်သွားတယ်လို့ ပြောဆိုထားပါတယ်။

Telegram – t.me/positiveanglenews

#PAN