(ပြည်တွင်း)အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီးမှ ကုန်တင်ကားအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၄ ရက်၊ ညနေ ၅ နာရီခန့်က ကလော-သာစည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျောက်ပန်းတောင်းမြို့နယ်နေ ယာဉ်မောင်း ဇော်မင်းအောင် မောင်းနှင်ပြီး ခရီးသည်များ တင်ဆောင်လာ သော MITSUBISHI FUSO အမျိုးအစား ခရီးသည်တင် ၆ ဘီးယာဉ်သည် ဝက်ဖြူရေကျေးရွာအနီး မိုင်တိုင်အမှတ် (၆၀/၅) နှင့် (၆၀/၆) အကြားတွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ လားရာတူမောင်းနှင်နေသည့် CANTER ၆ ဘီးယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဇော်မင်းအောင် အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာများ မစိုးရိမ်ရ ရရှိခဲ့ကြောင်း ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ဇော်မင်းအောင် အား ကလောမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN