ရွှေကူ မြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားပြည်သူအချို့ သေဆုံး

(မှုခင်း)အောက်တိုဘာ ၁၄

ကချင်ပြည်နယ်၊ ရွှေကူ မြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်မွန်းလွဲ ၁ နာရီတွင် ရွှေကူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် မောင်ထက်ရှားကျော်(၉)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်မျိုးမြင့်ဇော်(၇)နှစ်၊ ဦးအောင်ကျော်ထွန်း(၃၃)နှစ်၊ ဦးမင်းအောင်(၆၀)နှစ်၊ မနုနုဝင်း(၂၈)နှစ်နှင့် မတင်တင်ထွေး(၁၈)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးပေါက်ကွဲစ ထိမှန်၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိထားသူများအား ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိထားကြောင်း သိရသည်​။

Telegram – t.me/positiveanglenews

#PAN