(မှုခင်း)အောက်တိုဘာ ၁၂
နေပြည်တောိ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စု၊ မအူပင်ကျေးရွာနေသူ အမျိုးသမီး ၁ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်ဆက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ မေးမြန်ရာ တစ်ခြံဝန်းတည်းနေ သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်တင်မိုးခိုင်မှ ယနေ့ ညနေ၅နာရီခွဲ အချိန်တွင် နေအိမ်တွင်ရှိနေစဉ် မမိုးသူဇာ၂၄ နှစ်၊ (ဘ)ဦးဝင်းဆန်းဦ၏ သားဖြစ်သူ ကိုခန့်၊ ၄ နှစ်၊ (ဘ)ဦးမင်းဇော်ဦးမှာ နေအိမ်သို့ရောက်ရှိလာပြီး မေမေက ပုဆိုးအားလည်ပင်းတွင် စွပ်ထားကြောင်းပြောဆိုသဖြင့် ဒေါ်တင်မိုးခိုင်မှ မောင်ဖြစ်သူ ကောင်မြင့်ထွန်း၊ ကျားပေါက်တို့နှင့် အတူ သွားရောက်ကြည့်ရှု့ခဲ့ရာ မမိုးသူဇာမှာ နေအိမ်အပေါ်ထပ် အလယ်ထုပ်တန်း အမြင့် ၆ ပေခန့်မှ ပုဆိုးအားလည်ပင်းတွင်စွပ်၍ ကြိုးဆွဲချထားသည်ကို တွေ့မြင်ရကြောင်း၊ အသက်ရှင်မည်ဟုထင်ပြီး ဝိုင်းဝန်း၍ ကြိုးဆွဲချထားသည့်ပုဆိုးအတွင်းမှ မမိုးသူဇာအား ဖြုတ်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူ မမိုးသူဇာ၏ အလောင်းအား ပျဉ်းမနားခုတင်(၂၀၀)ပြည်သူဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားရှိပြီး သေဆုံးမှုအပေါ် ဓမ္မာတာအတိုင်း သေဆုံးခြင်း (ဟုတ်/မဟုတ်)နှင့် သေဆုံးရသည့် အကြောင်းရင်းအား စစ်ဆေးနိုင်ရန် အတွက် မြို့မရဲစခန်းမှ သေမှုသေခင်းရေဖွင့်ထားရှိကြောင်းသိရသည်။

Telegram – t.me/positiveanglenews
#PAN