စမ်းချောင်းတွင် LGBT လူငယ် ၁ဦး ပျောက်ဆုံးနေ

(ပြည်တွင်း)စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် LGBT လူငယ် ၁ဦး နေအိမ်မှ အပြင်ထွက်သွားပြီးနောက် ၄ ရက်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက် ည ၁၀ နာရီခန့်အချိန်တွင် စမ်းချောင်းမြို့နယ်တွင် အသက် ၂၉ နှစ်အရွယ် LGBT လူငယ် ဆွတ်အိဏ်နော်သည် နေအိမ်မှ သူငယ်ချင်းများနှင့် ညဘက်အပြင်ထွက်ရန် ထွက်ခွာသွားပြီးနောက် စက်တင်ဘာ ၂၇ ရက်နေ့ နေအိမ်သို့ ပြန်လာမည်ဟု ပြောဆိုသွားခဲ့သော်လည်း ယနေ့အချိန်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဆွတ်အိဏ်နော် ပျောက်ဆုံးနေမှုနှင့်ပတ်သတ်၍ စမ်းချောင်းမြို့နယ်ရဲစခန်းတွင် လူပျောက်မှု တိုင်ကြားထားပြီး ၎င်းနှင့် အဆက်အသွယ် မရရှိသေးသည့်အပြင် သတင်းအစအနလည်း မရရှိသေးသဖြင့် မိသားစုဝင်များက အလွန်စိုးရိမ်နေကြောင်း ၊ဆွတ်အိဏ်နော်သွားလာခဲ့သည့် နေရာများနှင့် အသိမိတ်ဆွေများထံ ဆက်သွယ်ကာ ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ထို့ပြင် ဆွတ်အိဏ်နော်ကို တွေ့ရှိထားသူများ သို့မဟုတ် ၎င်း၏ သတင်းအချက်အလက်တစ်စုံတစ်ရာ သိရှိထားသူများအနေဖြင့် မိသားစုထံ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးရန် မိတ်ဆွေများက မေတ္တာရပ်ခံထားသည်။

Telegram – t.me/positiveanglenews

#PAN