မလေးရောက် မြန်မာ ၅၀၀၀ ဝန်းကျင် ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ် မြန်မာအစိုးရ ဒီကနေ့ စတင်

(နိုင်ငံတကာ) စက်တင်ဘာ ၂၉

မလေးရောက် မြန်မာ ၅၀၀၀ ဝန်းကျင်ကို မြန်မာအစိုးရ ပြန်လည်ခေါ်ယူရေး ဒီကနေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်လိုက်တာဖြစ်ပြီး ပထမသုတ်အနေနဲ့ ၁၅၀၀ ခန့်ကို မြန်မာ့တပ်မတာ်ရေတပ်သင်္ဘောတွေနဲ့ စတင်ခေါ်ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာကို ပြန်လည်ခေါ်ယူမယ့်သူတွေကို ဒီကနေ့မနက်ပိုင်းမှာ မလေးရဲတပ်ဖွဲ့က လုံခြုံရေးယူပြီး Lumut မြို့ရဲ့ ဆိပ်ကမ်းကို ဘတ်စ်ကားတွေနဲ့ပို့ဆောင်ခဲ့ပြီးနောက် မြန်မာအစိုးရဘက်က သင်္ဘော ၃ စီးနဲ့အတူ ပြန်လည်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုပြန်လည်ခေါ်ယူသွားမယ့် မြန်မာနိုင်ငံသား ၅၀၀၀ ဝန်းကျင်ဟာ မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ထဲက နှစ်နိုင်ငံ အငြင်းပွားစိစစ်ပြီးမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။မြန်မာအစိုးရဘက်က ကနဦး ခေါ်ယူဖို့ စီစဉ်ခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာတော့ မလေးရှားဘက်က အဆင်သင့်မဖြစ်သေးလို့ ခေတ္တဆိုင်းငံ့ခဲ့တာကြောင့် ဒီကနေ့မှာ စတင်ခေါ်ယူခဲ့ရတာပါ။

မလေးအစိုးရဘက်က ပြန်လည်ပို့ဆောင်ရေးကို စတင်သဘောတူလက်ခံလိုက်ပြီးနောက်မှာအဆိုပါ ၅,၀၀၀ ဝန်းကျင်ထဲက ပထမအသုတ်အနေနဲ့ ၁,၄၇၆ ဦးကို မြန်မာအစိုးရက စတင်ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။

၎င်းတို့ကို မြန်မာ့တပ်မတော်ရေတပ်သင်္ဘော ၂ စီးနဲ့အတူ ‘သံလွင်’ဆေးရုံသင်္ဘော ၁ စီးတို့နဲ့ တင်ဆောင်လာခဲ့မှာဖြစ်ပြီး ရန်ကုန်မြို့ သံလျင် ရေတပ်စခန်းမှာ ဆိုက်ရောက်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ UNHCR နဲ့ စာရင်းပေးသွင်းထားတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၉၀,၀၀၀ ခန့် ရှိပြီး ထိုအနက်က အများစုမှာ မြန်မာနိုင်ငံက လာရောက်သူတွေဖြစ်ပြီး ၁၀၀,၀၀၀ ကျော်မှာ ဘင်္ဂါလီမွတ်စလင် လူမျိုးစုဝင်တွေ ဖြစ်နေတယ်လို့ မလေး လဝကဘက်က သိရပါတယ်။

မလေးရှားနိုင်ငံတစ်ဝန်းရှိ လဝက ထိန်းသိမ်းရေးစခန်း ၂၁ ခုမှာ လူပေါင်း ၁၇,၅၀၀ ခန့်ကို ထိန်းသိမ်းထားရှိပြီး ထိုအထဲမှာ ကလေးငယ် ၁,၅၀၀ ကျော်လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

မလေးရှား လဝက အာဏာပိုင်တွေဟာ ဧပြီလကစတင်ပြီ ခိုလှုံခွင့်တောင်းခံမှုတွေ (ဒါမှမဟုတ်) အခြားသော ကာကွယ်စောင့်ရှောက်မှု လိုအပ်ချက်တွေကို မြန်မာနိုင်ငံသား ၂,၀၀၀ ကျော်ကို မြန်မာကို နေရပ်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

မလေးရှားအစိုးရဘက်ကတော့ မြန်မာနိုင်ငံသား ၅,၀၀၀ ကို အဆင့်လိုက် ပြန်လည်ပို့ဆောင်ရေး စတင်လုပ်ဆောင်လိုက်ပြီလည်း ဖြစ်သလို မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကိုလည်း မလေးရှားကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံရေးကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကို မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ (COBEM)၊ မလေးရှားနိုင်ငံအတွင်းက နိုင်ငံသားအခြေပြု NGO အဖွဲ့တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလို့ ခေါင်းစီးတပ်ထားတဲ့ မြန်မာပြည်တွင်း ဆူပူအောင် သွေးထိုးလှုံ့ဆော်သူတွေ ပူးပေါင်းပြီး ယနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ဆန္ဒပြကန့်ကွက်ခဲ့ကြတာလည်း ရှိနေပါတယ်။

မလေးရှားကဘက်တော့ ဒီလိုပြန်ပို့တဲ့အစီအစဥ်ဟာ ၎င်းတို့ကာယကံရှင်များရဲ့ ဆန္ဒအလျောက် စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပြီး ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီအနေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရသူတွေကို တွေ့ဆုံခွင့်တွေ၊ မေးမြန်းစုံစမ်းခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

Telegram – t.me/positiveanglenews

#PAN