မုံရွာမြို့နယ်၊ မြေနဲကျေးရွာအနီး PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများက ထောင်ထားသည့်

မေ ၂၈

     ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုနယ်၊မြေနဲကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများအား ထိခိုက်သေကြေစေရန်  PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများက ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၃၀ လုံး၊
ဘတ္ထရီအိုး ၅ လုံး၊ ဝါယာကြိုး ၄ ခွေ တိုအား လုံခြုံရေးအဖွဲဝင်များက အောင်မြင်စွာ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

       PDF အမည်ခံလူသတ်အကြမ်းဖက်သောင်း ကျန်းသူများသည် စစ်အာဏာရှင်တော်လှန်ရေးဟု ကြွေး ကြော်ခဲ့သော်လည်း တိုင်ဖျက်ပြည်ဆူ အကြမ်းဖက်ဝါဒဖြင့် ပြည်သူလူထုအတွင်း ကျီးလန့်စာစား မသွားရဲမလားရဲအောင် အကြောက်တရားများလွှမ်းမိုးကာ စားဝတ်နေရေးကြပ်တည်းစေပြီး အလုံးစုံတိုင်းပြည်ပျက် စီးရေးကို ဦးတည် ၍ ကျေးရွာသားများ ထိခိုက်သေ ဆုံးစေရန် ရည် ရွယ်ကာ ယခုလို မိုင်းများထောင်ထားကြောင်း သိရှိရပါသည်။

PAN