ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း)စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက် ညနေ ၄နာရီ အချိန်က ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာအနီးတွင် ဝင်းနိုင်ဦး(ခ)ဝင်းနိုင် မောင်းနှင်လာသည့် JAC အမျိုးအစား မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်သော စိတ်ကြွဆေးပြား ၆၂ သိန်း(ဒေသကာလတန်ဖိုးငွေကျပ် ၉ ဒသမ ၃ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ ဝင်းနိုင်ဦး(ခ)ဝင်းနိုင်(၅၄)နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN