(မှုခင်း) စက်တင်ဘာ ၁၉ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင်၁၆၈/၅- ၁၆၈/၆တွင် ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးကာရံထားသော Guard Rail တန်းများအား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၉ရက် နံနက်အစောပိုင်းက ရန်ကုန် -မန္တလေးအမြန်လမ်းမပေါ်တွင် နေပြည်တော်မှရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်မောင်းအမျိုးသမီး ၁ဦးနှင့် အမျိုးသား ၁ဦး စုစုပေါင်း (၂)ဦး လိုက်ပါသည့် Mark ll (အဖြူရောင်) ယာဉ်သည် ယာဥ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ကာရံထားသော Guard Rail တန်းများအား ဝင်ရောက် တိုက်မိခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာမရရှိသော်လည်း အမြန်လမ်း ၌ဖြစ်ပွားသော ယာဉ်မတော် တဆမှု များအားလုံး၏ အများစုသည် ယာဉ်မောင်း အိပ်ငိုက်ခြင်း ကြောင့်ဖြစ်ပါ၍ ယာဉ်မောင်းများ အနေဖြင့် ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နား စခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ခရီးသည်အားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေသေချာစွာပတ်ထားရန်၊ (ထိုင်ခုံခါးပတ် ပတ်မထားသည့် ခရီးသည်များကိုယာဥ်ပေါ်ပါ ဝန်ထမ်းမှ သတိပေးစောင့်ကြည့်၍ ပတ်စေရန်) ၊ ယာဉ်အမျိုးအစား အလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အထူးသတိပေးအပ် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN