အပုပ်နံ့ ရတာတဆင့် လူမနေတဲ့ ခြံဝန်းထဲမှာ အမျိုးသား ၁ ဦး သေဆုံးနေတာကို တွေ့ရှိ

(ပြည်တွင်း) စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်က ကျေးရွာတစ်ရွာမှာ အမျိုးသားတစ်ဦး သေဆုံးတာကို စက်တင်ဘာ ၁၆ ရက်နေ့ မနေ့က ညနေပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ကြီးမြို့နယ်၊ ပန်သခွားကျေးရွာက လူမနေတဲ့ နေအိမ်ခြံဝန်းထဲက အပုပ်နံ့ရတာကနေတဆင့် အမျိုးသား ၁ ဦး သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရတာ ဖြစ်ပါတယ်။

အဆိုပါလူမနေတဲ့ခြံနဲ့ကပ်လျက်မှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်ကနေ အပုပ်နံ့ရလို့ ဆိုင်ဝန်ထမ်းတွေက သွားရောက်ကြည့်ရှုရာကနေ ပုပ်ပွနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုခြံဝင်းဟာ လူမနေတဲ့ ခြံဝင်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်ရက်ခန့်က အသက် ၅၀ ခန့်အရွယ် နေစရာမရှိတဲ့ အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးမှာ ထိုခြံဝင်းထဲက တဲအိမ်ပျက်တစ်ခုထဲ လာရောက်နေထိုင်ရင်း အခုလို ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတဘ်။

အဲဒီနောက် သေဆုံးသူရဲ့ ရုပ်အလောင်းကို စပ်စံထွန်းဆေးရုံကို ပို့ဆောင်ကာ သေဆုံးမှု ဖြစ်စဉ်ကို စစ်ဆေးမှုတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။